မုံးကိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၂၆)ဦး တွေ့ရှိကြောင်း သိရသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိမ်းချုပ်နိုင်ရေး အတွက် အခြားမြို့မှပြန်လာသူများ အား Quarantine ထားရှိခြင်း၊ မြို့အတွင်းကိုဗစ်-၁၉ ရောဂါသံသယရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျက်ရှိရာ (၂၆)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉အတည်ပြုလူနာ(၈၉)ဦး တွေ့ရှိထားပြီး ဆေးရုံဆင်းသူ(၄၈)ဦး၊ သေဆုံးသူ(၁)ဦးရှိပြီဖြစ်သည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်ရေး ကော်မတီက မြို့အဝင်၌ ကျန်းမာရေးစစ်ဆေးခြင်း၊ Quaratine ထားရှိခြင်း၊ မြို့အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်ဦး