အိမ်မဲမြို့နယ်မြို့အဝင်စစ်ဆေးရေးဂိတ်ဆောင်ရွက်နေမှုများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသွားရောက်စစ်ဆေး

အိမ်မဲ စင်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့ထိပ်ရှိမြို့အဝင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများ၏ ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ကသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ကောင်းမြတ်စံနှင့် တာဝန်ရှိသူများက မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် ကိုဗစ် စစ်ဆေးရေးဂိတ်၌ တာဝန်ကျသူ နယ်မြေခံတပ်သားများ၊တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ပူးပေါင်းအဖွဲ့များ၏ရော ဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့်မိမိတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကိုအထူး ဂရုပြုဆောင်ရွက်ရန်၊ မနက်မိုးလင်း၍ စတင်တာဝန်ထမ်းဆောင်ချိန်၌ လုံခြုံရေးယူသည့် ဧရိယာအတွင်းမိုင်းရှင်း လင်းရေးဆောင်ရွက်ရန်၊ လူ/လက်နက်ပစ္စည်းများအား သေချာစနစ် တကျ ကိုင်တွယ် ဆောင်ရွက်ရန်၊ မလိုလားအပ်သည့် အုပ်ချူပ်မှုလျော့နည်းဖြစ်စဉ် မျိုးမဖြစ်စေရန်နှင့် စစ်ဆေးဆောင်ရွက်စဉ် အဖွဲ့အလိုက်တာဝန်ခွဲ၍ ဆောင်ရွက်ရန် ခရီးဆောင်အိတ်/ပစ္စည်းအိတ်များချန်ခဲ့၊ထားခဲ့တာမျိုးမရှိစေရေး သတိပြုဆောင်ရွက်ရန်မှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)