ဆီဆိုင် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်ရှိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသားများအား(RTD)Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစစ်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကျန်းမာရေးဝန်ထမ်းများက သွားရောက် စစ်ဆေးပေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် ကျန်းမာရေးမှူး(၁) ဦးဝင်းမြင့်နှင့်ဝန်ထမ်းများက ဆီဆိုင်မြို့ မြကန်သာရပ်ကွက်အတွင်းရှိ ဇဝနာရာမစာသင်တိုက်မှ သံဃာတော်(၈)ပါး၊ သီလရှင်(၂)ပါး၊ ကျောင်းသား (၆)ဦးတို့အား (RTD)Tesk Kit ဖြင့် အခမဲ့ သွားရောက်စစ်ဆေးပေးခဲ့ ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ(၈)ရက်နေ့မှ စက်တင်ဘာ(၁၅)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၅၂၅)ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ် သူ(၁၈၀)ဦး၊ သေဆုံးသူ(၁၂)ဦးရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)