လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန် မြှင့်စစ်ဆေးရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

လွိုင်ကော်    စက်တင်ဘာ   ၁၆

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့ဝင်၊ထွက်ဂိတ်များတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်နေမှုကို ယနေ့ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် လွိုင်ကော်မြို့ဝင် နွားလဝိုးစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသော ဒေသခံ ပြည်သူများအား Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ RTD Tesk Kit ဖြင့်စစ်ဆေး ဆောင်ရွက်ခြင်းနှင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များမှ လာရောက်သူများအား Quarantine ဝင်ရောက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့က စနစ်တကျ စစ်ဆေး ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်နယ် စစ်ဆေးကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ များပြားလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ Stay At Home နေအိမ်တွင်နေထိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာထားရှိကြောင်း၊  ကယားပြည်နယ်တွင် ယမန်နေ့က ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈၅)ဦးအပါအဝင် ရောဂါပိုးတွေ့ရှိသူ(၂၇၄၄)ဦး၊ ရောဂါ သက်သာပြီး ဆေးရုံဆင်းခွင့်ရသူ(၂၁၉၆)ဦး၊ ဆေးကုသဆဲ(၄၃၈)ဦးနှင့် သေဆုံးသူ(၁၁၀)ဦးရှိကြောင်း ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။