ဘောလခဲ စက်တင်ဘာ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်ရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်ပိုင်း ရပ်ကွက်ရှိ ညောင်ခမ်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်(၂၃)ပါးရှိရာ သံဃာတော်များ၏ ဆန္ဒအရ RDT Tesk Kit ဖြင့် (၅)ပါး စစ်ဆေးဆောင်ရွက်ခဲ့ရာ သံဃာတော်(၅)ပါး Negative ဖြင့် အောင်မြင်စွာ စစ်ဆေးနိုင်ခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ပရိတ်သတ်အပေါင်းတို့မှ "နမောတဿ" (သုံး)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခြင်း၊ ရွာသစ်မြို့ နောင်ဆိုင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်း ပေးပို့လာသော အလှူငွေများအား တာဝန်ရှိသူများမှ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်း ၊ လှူဖွယ်ဝတ္ထု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း ဆောင်ရွက်ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစောငြိမ်းသောင်း၊ ဘောလခဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရွာသစ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းဆွေဆွေအေး