တကောင်း စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့တွင်းလူစည်းကားရာနေရာများနှင့် ဈေးအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိ ရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်မိ/ရပ်ဖများ ပူးပေါင်းကာ မြို့အတွင်း သွားလာသူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်၊ မိမိဒေသတွင် ရောဂါ ကူးစက်မှု လျော့ပါးလာသော်လည်း ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်နေသူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)