သတင်းများ

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်းနှင့် (Sinopharm)ကာကွယ်ဆေးထိုးနှံ နိုင်ရေးအသိပေးနှိုးဆော်
Sep 17,2021
ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး ပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေ ရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်း များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၃)ရပ်ကွက် ရာအိမ် မှူးနှင့် ကမမောင်းမြို့ကြက်ခြေနီအဖွဲ့ခွဲငယ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒက္ခိဏသီရိခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Sep 17,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဈေးများ၊ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝေါမြို့နယ်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် (၁) ဦး ထပ်မံတွေ့ရှိ
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သ့ ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ်ဆေးရုံ၊ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတိုက်(သူရဲသမိန်)၊ ဇောတိကာရုံဘုန်းတော်ကြီးကျောင်းတိုက် (သူရဲသူမိန်) နှင့် ဝေါမြို့နယ် Quarantine Center (၁) ခုနှင့် ဂွေ့ကြီးစျေးရှိ အနံ့ပျောက်သံသယရှိသူ လူနာ (၁၉၃) ဦးအားTest Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ဂွေ့ကြီး ကျေးရွာ စျေးမှ (၁) ဦး၊ ယနေ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၂၆) ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၄၆၀) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၅၅) ဦး၊ အခြားမြို့နယ်ပြောင်းရွှေ့ (၃) ဦးနှင့် ယနေ့ထိ သေဆုံးသူစုစုပေါင်း (၁၀၈) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့်ပိုစတာများ အခမဲ့ဖြန့်ဝေ
Sep 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ နှင့်ပိုစတာများကို အ-ထ-က (၂၀) အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ပလက်ဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ကြေညာ
Sep 17,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၌ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်ကြသည့် မိဘပြည်သူများ အားဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုမြို့မရပ်ကွက်၊ လူငယ်သင်တန်းကျောင်းရှိသင်တန်းခန်းမ၌ပြန်လည်ထိုးနှံပေးလျက်ရှိပါ ကြောင်း ရပ်ကွက်အတွင်း လှည့်လည်၍ အသိပေးနိုးဆော်ကြေညာခြင်းကို ယမန်နေ့ နေ့ညနေ ၄ နာရီ အချိန်က ‌ဆောင်ရွက်ခဲ့ပါသည်။
ဟိုပုံးမြို့၌ ပန်းခင်းစီမံချက်အား အများပြည်သူမှ ပိုမိုသိရှိစေရေး လက်ကမ်းစာစောင်ဖြန့်ဝေပေး
Sep 17,2021
ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေခြင်းအား အများပြည်သူပိုမိုသိရှိစေရန် အတွက် ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီ ဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့်   ဝန်ထမ်းများသည်  ဟိုပုံးမြို့မွေတော်ဘုရားကြီးရှေ့  ဈေးလမ်းဆုံနှင့် လူအများသွားလာရာနေရာများ၊  ကားဂိတ်များတွင် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်အား ယမန်နေ့က ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2021
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေး ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများအား မြို့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း အသိပညာပေးခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လဲချားတွင် ကိုဗစ် -၁၉ရောဂါ ပိုးတွေ့လူနာ သုံးဦးထပ်မံစစ်ဆေးတွေ့ရှိ
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ သုံးဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။