သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Sep 17,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
လှိုင်သာယာ(အနောက်ပိုင်း)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်း နှိုးဆော်ခဲ့သည်။
မအီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁)ဦး ထပ်မံတွေ့ရှိရာ ပိုးတွေ့လူနာ( ၃၄)ဦးထိ ရှိလာပြီဖြစ်
Sep 17,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြင့် လာရောက်ပြသသူ( (၁)ဦးအားကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ COVID-19 Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာတွင်ယ‌နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မအီမြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ မသန်စွမ်းသူများနှင့် အသက်(၅၅)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 17,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသက်(၁၈)နှစ်အထက်ရှိ မသန်စွမ်းသူများနှင့် အသက်(၅၅)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏားကျွန်း မြို့နယ်အတွင်း သတ်မှတ်ထားသော စုရပ်နေရာများ၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံခြင်းကို ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့တွင် ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်(၈၇) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အင်ကြင်းမြိုင် ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းတို့၌ မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၃)ရွာတို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များကို ဦးစားပေးအဆင့် သတ်မှတ်၍ ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတို့အား ပထမအကြိမ်ထိုးနှံခဲ့သည့် စာရင်းများအတိုင်း ထိုးနှံလျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ (၃) မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း (လပွတ္တာ) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က သင်တန်းကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း
Sep 17,2021
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှု စီးပွားဘဝ မြှင့်တင်နိုင်စေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့သည့် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၆၆၅ ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် လူမှုရေးပင်စင်များကို ယမန်ရက်နေ့ နေ့လည် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမဆောင်၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသက်ကြီးဘိုးဘွားများထံ လွှဲပြောင်းပေးအပ် ခဲ့သည်။