သတင်းများ

သာစည်မြို့နယ်တွင် နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက် လုပ်နေမှုများ ကွင်းဆင်း စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး
Sep 17,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လှိုင်းတက်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုတို့ကိုစက်တင်ဘာ ၁၇ ရက်နံနက် ၁၀ နာရီကတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တပ်မတော် ဖိနပ်စက်ရုံနှင့်မိုးရေကာဖျင်စက်ရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် အသက် ( ၅၅ ) နှစ်နှင့် အထက် ဦးစားပေးအစဉ်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်ရှိ အသက် ( ၅၅ ) နှစ်နှင့်အထက်ဦး စား‌ပေး အစဉ် လိုက်ပြည်သူ များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-က ရေဖြူ ၊အ-ထ-ကကံပေါက်၊ အ-ထ-က ကလိန်အောင် စုရပ် (၃)ခုတို့တွင် ယနေ့နံနက် ( ၉ ) နာရီအချိန်တွင် ဆက်လက်ထိုးနှံပေး လျက် ရှိသည်။
မင်းပြားမြို့၌ အောက်ဆီဂျင်စက်ရုံ စတင်စမ်းသတ် လည်ပတ်လျက်ရှိ
Sep 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းယခုလက်ရှိြဖစ်ပွားနေသော လတ်တလော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအမြန်ကုသနိုင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင် ပြတ်တောက်မှု မရှိစေရေး အတွက်စေတနာရှင်၊ အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်းငွေဖြင့် အောက်ဆီဂျင်စက် အသစ်အား ယမန်နေ့က မင်းပြားမြို့ကျိန်းရိပ် ကရုဏာ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံ၌ စတင်စမ်းသတ် လည်ပတ်လျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသူများ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Sep 17,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၉)ဉီးထပ်မံစစ်ဆေးတွေ့ရှိ၊ စုစုပေါင်း(၃၇၇)ဉီးထိရှိလာ
Sep 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၉)ဉီးအား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
နမ့်ဆန်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူ (၃၅)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှ ယနေ့ထိ စုစုပေါင်း (၂၃၉) ဦးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ
Sep 17,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့ရက် နံနက်(၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်းသိရှိရသည်။
ကျိုင်းတောင်းမြို့၌ 100KVA နှင့် 200KVA Transformer များတပ်ဆင်ပြီးစီး
Sep 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် 100KVA နှင့် 200KVA Transformer များကို မြို့ပေါ် ရပ်ကွက်များ၌ တပ်ဆင်ဆောင်ရွက်ပြီးစီးကြောင်း ကျိုင်းတောင်းမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာနမှ သိရသည်။