ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၄၆၃ သိန်း ကွင်းဆင်းထုတ်ချေးပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာနှင့် လက်ယက် ကျေးရွာတို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် နှစ်ရွာတစ်ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၈ ရက်၊ ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆဋ္ဌမနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။