မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ခင်းကျင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မင်းလှ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခုနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၆) ရပ်ကွက်၊ကန်သာယာလမ်း ကွန်ကရစ်လမ်းခင်းကျင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ ကန်သာယာလမ်း( ပ.ဆ.င လမ်းနှင့် ဘူတာလမ်းကြား)  အရှည် ၇၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် (၂၇.၇) သန်းဖြင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဏာရေးနှစ်အတွက် မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြု ရန်ပုံငွေ (၄၀၃၂၅၀၀၀၀) ကျပ်ဖြင့် လမ်း၊ တံတားစသည့်လုပ်ငန်းပေါင်း(၃၃)ခုကို ဆောင်ရွက်လျက်ရှိရာ အချိန်မှီပြီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပေါက်စ မင်းလှ