ကျောက်တံခါး စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ကွင်းတောင်ရပ်ကွက်အတွင်းရှိ ရဟန်း သံဃာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ကိုးနဝင်း ဘုန်းတော်ကြီး ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် နမူနာယူ စစ်ဆေးပေးသော ရဟန်း(၈)ပါး၊ကိုရင် (၁၀)ပါးနှင့် ဝေယာဝစ္စ(၄)ဦးတို့ စုစုပေါင်း ရဟန်းသံဃာ (၁၇)ပါး လူ(၄)ဦးတို့ အားစစ်ဆေးရာတွင် ပိုးတွေ့ရှိ မရှိခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါကိုဗစ်-၁၉ရောပိုး ရှိ/မရှိစစ်ဆေးခြင်းလုပ်ငန်းအား ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ကိုဗစ်- ၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင် များ နှင့် ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန်းစန်း