­ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြနိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မောင်တော စက်တင်ဘာ ၁၈

­ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတအသင်းအဖွဲ့များအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်လူမှုဝန်ထမ်းရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင်  ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်း များက  မောင်တော မြို့ရှိ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့နှင့် ဘူးသီးတောင်မြို့နယ်ရှိ အနောက်တံခါး လူမှုကူညီရေးအဖွဲ့များအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့စီကို ထောက်ပံ့သော အမျိုးအစား (၉)မျိုးဖြစ်သော  Mask(Surgical Mask) ၂၅ ဘူး၊ 95(Mask) ၁၇၅ ခု၊ Hand sanitizer လီတာ  ၆ ဒါဇင်၊ PPE(Level III) ၁၀၀ ခု၊ Goggle ၁၀၀ ခု ၊ Boot ၂၅ စုံ၊ Sugical Cap ၉၀၀ ခု၊ Body Pack ၁၇၅ ခု၊ Disposable Gloves  ၁၀ ဘူးတို့အား  အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး