ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ပြန်လည် စေလွတ်သူ (၁၉၆)ဦးထိရှိလာ

ဆီဆိုင်    စက်တင်ဘာ    ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများအနက်(၂)ဦး ထပ်မံသေဆုံးပြီး ရောဂါပိုးတွေ့လူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ပြန်လည်စေလွတ်သူ (၁၉၆)ဦးထိရှိ လာပြီဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ(၈)ရက်နေ့မှ စက်တင်ဘာ(၁၇)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅၆၈)ဦးရှိပြီး၊ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ပြန်လည်စေလွတ်သူ(၁၉၆)ဦး၊ သေဆုံးသူ(၁၄)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)