ရေဦးမြို့သို့ အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္ဓဝေပုလ္လာစာရ အမှူးပြုလျက် ပြည်တွင်းပြည်ပရောက် မြို့နယ်သူမြို့နယ်သားများ၊ ဒေသခံများစုပေါင်း၍ အောက်ဆီဂျင်ထုတ် စက်ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ တတိယပတ်တွင် ရန်ကုန်ဆိပ်ကမ်းမှ တဆင့် ၂၂ ဘီးတွဲကားဖြင့် တင်ဆောင်ကာ ရေဦးမြို့သို့ အောင်မြင်စွာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။