သာစည်မြို့နယ်တွင် လူမှုဖူလုံရေး အာမခံအလုပ်သမားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

သာစည် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံအလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမား များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်ရက်က ပြည်ညောင်ကျေးရွာရှိ အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀) ပြည်ညောင်၊ ရတနာ စိုင်းကောင်းမြတ်ကျော် ဘိလပ်မြေစက်ရုံနှင့်ရွှေတောင်(အပါချီ) ဘိလပ်မြေစက်ရုံတို့မှ လူမှုဖူလုံရေး အာမခံထားသော အလုပ်သမားများအား ထိုးနှံပေး လျက်ရှိရာ မိတ္ထီလာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးသည်။

ထို့နောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည်  သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေးရှိ ကျွဲတပ်ဆုံ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း  သိရသည်။

ထွန်းထွန်း