သတင်းများ

သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများ လိုက်လံနှိုးဆော်
Sep 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ယနေ့နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 20,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ရှားတောမြို့နယ် စလောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိ
Sep 20,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် အလယ်ပိုင်းကျေးရွာအုပ်စု စလောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်း ထိုးနှံပေး ခဲ့သည်။
မြင်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 20,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ကျန်းမာရေးဝန် ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများ အလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 20,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ယနေ့ နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၁၀)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ပထမနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူ ၂၈၇၅ ဦးထိရှိ
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၈)ခုတွင် သတ်မှတ်ဆေးထိုးစုရပ်များ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိ ပညာပေးနှိုးဆော်မှုများပြုလုပ်
Sep 20,2021
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျှော့ပါးသက်သာလာစေရန်၊ အကောင်း ဆုံးကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘုရားကြီးအနောက် ရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
မင်းလှမြို့တွင်းသို့ ဝင်ရောက်လာသူများကို ကိုဗစ်ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေး
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီချိန်မှ ၁၀ နာရီအချိန်ထိ မြို့ဝင်/မြို့ထွက်နေရာများ၌ မြို့တွင်းသို့ဝင်ရောက်လာသူများ အား ကိုဗစ်ရောဂါ ပိုးရှိ/ မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။