ရေး စက်တက်ဘာ ၁၉
မွန်ပြည်နယ် ရေးမြို့နယ်ဒေသထွက် ကွမ်းသီးများကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်နေခြင်း ကြောင့် ကွမ်းသီးဈေးမှာ ယခင်နှစ်များထက် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ဒေသထွက် ကွမ်းသီးခြောက်များ နည်းပါးလာခြင်းနှင့် ပြည်ပနိုင်ငံများမှ မှာယူမှုများပြား နေခြင်းကြောင့် ယခင်နှစ်များက ၁ပိဿာအနိမ့်ဆုံးဈေး ၄၀၀၀/-ကျပ်မှ အမြင့်ဆုံးဈေး ၅၀၀၀/- ကျပ်ထိသာရရှိခဲ့သည့် ကွမ်းသီးဈေးသည် ယခုနှစ်တွင် ၁ပိဿာလျင် ၁၀၀၀၀/-ကျပ်ထိ စံချိန်တင်ရရှိနေလျက်ရှိသည်။
ကွမ်းသီးခြံရှင်တစ်ဦးမှလည်း ယခုလိုပြောကြားပါတယ်" ကျွန်တော်တို့အနေနဲ့ ယခုလို ကွမ်းသီးဈေး၁၀၀၀၀/-ကျပ်ထိ တစ်နှစ်မှ မရဘူးပါဘူး ဒီနှစ်မှ အခုလိုဈေးရတဲ့အတွက် အရမ်းပဲ အတိုင်းမသိ ဝမ်းသာရတယ် လာမယ့်နှစ်များမှာ အခုလိုဈေးကောင်းရပါစေလို့ပဲ ဆုတောင်း နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
ရေးမြို့နယ် ဒေသထွက် ကွမ်းသီးများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အဓိကထားပြီးနှစ်စဉ် တန်ချိန် သောင်းချီပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ ပြန်/ဆက်