ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများကို ကျေးရွာအုပ်စုများအထိ သွားရောက်ထိုးနှံပေး

ပျဉ်းမနား စက်တင်ဘာ ၁9

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက နတ်သူရဲ ကျေးရွာအုပ်စုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဆေးထိုးနှံခွင့်ရရှိသူများကို သွားရောက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံမူကို နတ်သူရဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးထိုး နှံရေး စင်တာဖွင့်လှစ်ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက စစ်ဆေးအားပေးကာ လိုအပ်သည်များ တာဝန်ရှိသူများနှင့် ညှိနိူင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ပျဉ်းမနားမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်အထိ ၂၂၇၅ ဦး ထိုးနှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

ဇော်ဖြိုး(ပြန်/ဆက်)