မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး မထိုးနှံရသော မိဘပြည်သူများကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မိုးမောက်   စက်တင်ဘာ   ၁၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသော မိဘပြည်သူများကို မိုးမောက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်ရက် နံနက် ၉ နာရီခန့်တွင် ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံလင်း ဦးဆောင်၍ မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးစန်းနိုင် နှင့်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်−၁၉ကာကွယ်ဆေး မထိုးနှံရသေးသော မိဘပြည်သူများကို ပထမအကြိမ်အဖြစ်  မိုးမောက်မြို့အတွင်းရှိ အသက် ၆၅နှစ် နှင့်အထက် ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ ၊ Volunteer/ ပရဟိတ အဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာ၊ သံဃာတော်များ/သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ပုဂ္ဂလိက ဘဏ် ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်/တည်းခိုခန်း၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးအဖွဲ့အစည်းများ၊  ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊Super Market/စျေးစသည်ဖြင့် ဦးစားပေး အုပ်စုများအလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သေသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြလုပ်ပြီး ဆက်လက် ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု−မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊  တာဝန်ရှိသူများက ကြီးကြပ်ပေးလျက်ရှိပြီး အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM)မှာ မိုးမောက်မြို့သို့ စက်တင်ဘာ ၁၆ ရက် နေ့တွင် အလုံးရေ ၉၀၀ ရောက်ရှိပြီး ဆေးအလုံးရေ ၁၄၀ ကို လွယ်ဂျယ်မြို့သို့ ခွဲဝေပေးပြီး ဖြစ်ပြီး မိုးမောက် မြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော မိဘပြည်သူ ၄၅၀၀ ဦးအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။