ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့် အတွက် ပြန်လည် ကောင်းမွန်လာသူ၏ စကားသံ

ရေစကြို စက်တင်ဘာ  ၁၉

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ရောဂါကူးစက် ခံရမှု မရှိစေရေး လက်ရှိအခြေအနေတွင် အတတ် နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ လူစုလူ ဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ် ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးရန်၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အတွက်တိုက်တွန်းနှိုးဆော်မှုများပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရေစကြိုမြို့နယ်အတွင်း ကူးစက်ခံရသူ ၂၅-၆-၂၀၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသူ စုစုပေါင်း ၂၄၅ ဦးရှိပြီး၊ သေဆုံးသူ စုစုပေါင်း (၆) ဦးရှိပြီဖြစ်၍  ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရေစကြိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးခင်ဇော် (အငြိမ်းစား၊ပညာရေးဝန်ထမ်း)

ကျွန်တော် ကိုဗစ်-၁၉ရောဂါကို  စဖြစ်ခါစကတည်းကပြောရရင် ကျွန်တော်စဖျားတာ ဇူလိုင် ၂၀ ရက်နေ့က စပြီးတော့ တုန်ပြီးဖျားပါတယ် ။သို့သော်အနံ့ကရလိုက် မရလိုက်ဖြစ်နေတဲ့အတွက် ကိုဗစ်လို့ အစကသံသယမရှိခဲ့ဘူး နဂိုရှိရင်းစွဲ ရောဂါအခံက ဆီးလမ်းကြောင်းမှာပိုးဝင်ဖူးတော့ ဆီးကြောင့်ပဲဆိုပြီးတော့ ဆီးရဲ့ပိုးသတ်ဆေးတွေ စားတယ်၊ ခုနက ပြောတဲ့ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေကုတယ် ။ကုရင်းတန်းလန်းကနေပြီးတော့ ကျွန်တော်ကိုဗစ်-၁၉ ဖြစ်တယ်လို့ သိရတာက စဖျားပြီးငါးရက်မြောက်မှာ ခုလိုအောက်စီဂျင်ကျမှ သွေးဖောက်စစ်ရပါတယ်။ ပထမ ကျန်းမာရိပ်မွန်မှာစစ်တယ်၊ ဒုတိယအကြိမ် မန္တလေးကိုပို့ပြီးစစ်တော့မှ ကိုဗစ်မှန်းသေချာပေါက် သိရတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးကိုပြောင်းသောက်ဖြစ်ပါတယ်၊ ဇူလိုင် ၂၅ ရက်နေ့ကြတော့ ခေါင်းတွေကိုက်လာတယ်၊ ချောင်းတွေဆိုးလာတယ် အဲ့နေရာမှာ အောက်ဆီမီတာလေးနဲ့ လက်ကိုတိုင်းကြည့်တဲ့အခါမှာ အောက်ဆီဂျင်ဟာ ၄၀ ထိရောက်သွားပြီး မူးမော်ပြီးတော့ သတိမေ့ သလိုဖြစ်သွားတယ်၊အဲဒီတော့မှ ဖြူစင်လူမှုကူညီရေးအသင်းနဲ့ အောက်ဆီဂျင်အခမဲ့ လူမှုကူညီရေးအသင်းကနေပြီးတော့ အောက်ဆီဂျင်ဘူးတွေ ငှားရတယ်။ ငှားတော့ အဲဒီအချိန်ကာလတုန်းကလဲ ရေစကြိုမှာ အောက်ဆီဂျင်ကခုလို များများမရှိတဲ့အတွက် တစ်ဘူး ပဲရခဲ့တယ်။ ရပြီးတော့ ရတဲ့ဘူးကလဲ ငါးမိနစ်လောက်အတွင်းမှာ ကုန်သွားတော့ အိမ်က မိသားစုတွေ မျက်ပြူးဆံပြာဖြစ်ပြီးနောက်ဆုံး အောက်ဆီဂျင်ကိုကျွန်တော်ရှူရတော့တာပေါ့၊ မဖြစ်မနေအမြဲ မပြတ်ရှုတာတော့ ၂ ရက်ပါ။ဒီနောက်ပိုင်းကြတော့ ကျွန်တော့်ကို ကုသပေးတဲ့ ဒေါက်တာက အောက်ဆီမီတာနဲ့ တိုင်းကြည့်လို့ အောက်ဆီဂျင်မကျတဲ့အခါမှာ အဆုတ်လေ့ ကျင့်ခန်းဖြစ်အောင်ဆိုပြီးတော့ လိုအပ်တဲ့အချိန်တွေမှာရှုပြီးတော့ သာမန်အချိန် တွေမှာ အောက်ဆီဂျင်ကို အလွတ် လွှတ်ထားပါတယ်၊ အဆုတ်ကိုလေ့ကျင့်ခန်းဖြစ်အောင် အထူးသဖြင့် ကတော့ လှုပ်ရှားတဲ့အခါမျိုး၊ ရေအိမ်သာသွားတဲ့အခါမျိုးမှာ အလွန်မတန် မောပြီးတော့ အောက်ဆီဂျင် ကျတတ်တဲ့အတွက် ဆီးအိုးနဲ့သွားပြီး အဲ့ဒီအချိန်မှာတော့ မဖြစ်မနေ အောက်ဆီဂျင်ပေးရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အောက်ဆီဂျင်ကို ၂ ရက်နောက်ပိုင်းမှာ အလွတ်လွှတ်ထားပြီး လိုအပ်တဲ့အချိန်မှရှုရပါတယ်၊ အားလုံး သုံးရက်ခွဲ လေးရက်နောက် ပိုင်းမှာတော့ အောက်ဆီဂျင်လုံးဝ လွတ်သွားပါတယ်။ လွတ်သွားပြီးတော့ လိုအပ်တဲ့ ဆေးဝါးများကတော့ ကျွန်တော့်ကို ကုသပေးတဲ့ဒေါက်တာကပေးတဲ့ ဆေးဝါးများ ကိုသာ တစ်နေ့ကို သုံးကြိမ်သောက်ရတယ်၊ ဆေးတော်တော် များများသောက် ခဲ့ရတယ်၊  ၁၄ ရက်နောက်ပိုင်း တော်တော်လေးသက်သာလာတယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီလို့ စသိက တည်းက သူ့ရဲ့ဆေးသက်တမ်း ၁၄ ရက်ကြာအောင် သောက်ခဲ့ရတယ်၊ အားဆေးတွေကို လည်းခုချိန်ထိ တွဲသောက်နေရတယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ၂၁ ရက်နောက်ပိုင်းမှာ ရောဂါ သက်သာပြီးတော့ ဘာတွေဖြစ်လာလဲဆိုရင် လက်တွေကပ်လာတယ်၊ ခြေသလုံးကြော တွေတက်လာတယ် ၊ဒါကိုတော့ကျွန်တော် လိမ်းဆေးလေးနဲ့ဆွဲပြီးတော့ ချေထောက် လေ့ကျင့်ခန်း လုပ်ရတယ်၊ ခုကျွန်တော့်မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကို ကုသနေတဲ့ရက်ပေါင်း အားလုံးပေါင်း ရက် ၅၀ ရှိပါပြီ ခုတော့ တော်တော်လေးကောင်းနေပါပြီ ။သို့သော်လည်းနေ့စဉ် အသက်ရှုလေ့ကျင့်ခန်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ လုပ်ဆဲပါ၊ အားဆေးများလဲ သောက် နေရဆဲပါ၊ ထူးခြားမှုက ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အစားအလွန်စားနိုင်လာတယ်၊ ဒါပေမဲ့ ဆိုးတာက ခုချိန်ထိကျွန်တော် ညမှာ အိပ်မပျော်တဲ့ လက္ခဏာလေးတော့ကျန်တယ်၊ ကျန်တဲ့ဟာကတော့ ခုနကပြောသလို ပင်ပင်ပန်းပန်းကတော့ ခုအချိန်ထိမလှုပ်ရှားရဲဘူး၊ အလေးအပင် မရင်မောချင်တယ်၊ လမ်းလျှောက်ရင် မောချင်တာလေးတော့ရှိပါတယ်၊ ကျန်တာ အားလုံးကတော့ တော်တော်လေးကောင်းနေပါပြီ ကာကွယ်ဆေး ၂ ကြိမ်လဲထိုးထားပါတယ်၊ အရင်မဖြစ်ခင်ကတည်းက ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားလို့လဲ ပြန်လည် သက်သာလာတယ်လို့ ပြောရမှာပေါ့ နဂိုကတည်းက ကျွန်တော်အဆုတ်မှာ အားနည်းချက် ရှိတာရယ်၊ အသက်ကြီးလာတာရယ်ကြောင့်ဒီလောက်ပဲခံရတာ သက်သာလာတာက ကြိုတင်ပြီး ကာကွယ် ဆေး ၂ ကြိမ်ထိုးထားလို့ သက်သာလာတာဖြစ်တယ်လို့ ထင်ပါတယ်။ ကာကွယ်ဆေးကိုတော့ အခွင့်အရေးရရင်တော့ ထိုးထားကြဖို့ပြော လိုပါတယ်။

 

နော်နော် (ချင်းတွင်းသား)