ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်ရက်နေ့ နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ မြို့ပေါ် အမှတ်(၁၃)၊ (၁၄)၊ (၁၅)၊(၁၆)၊(၁၇)၊(၁၈) ရပ်ကွက်များရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။