သတင်းများ

ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 20,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များအား မြန်မာ ဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း ကို ယနေ့နံနက်(၉)နာရီ အချိန်က ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက်၍ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
ခမောက်ကြီးမြို့ Quarantine Center တွင်ထားရှိသောမြန်မာရွှေ့ပြောင်းလုပ်သားများအား အဝတ်အထည်၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထားရှိရာ Quarantine Center တွင် ယမန်နေ့နံနက် ၁၁ နာရီခွဲက အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် ( ၅၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်မှကြည့်ရှု အားပေး
Sep 20,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အားကစားခန်းမသစ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၅၅) နှစ်မှ အသက် (၆၄)နှစ်အထိပြည်သူများ၊ နိုင်ငံ့ဝန် ထမ်းများ၊ မသန်စွမ်းသူပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုလုပ်ငန်းအား လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများမှ ယမန်နေ့ညနေ ၃ နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
လိပ်သိုမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိ ပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာ သဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက် များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မြို့အတွင်းရှိ အမှတ်(၁) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ
Sep 20,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သံသယလူနာများအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 20,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူ ၅၀၀၀ ဦးအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး
Sep 20,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ပြီး  ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာ  ယနေ့တွင် ကာကွယ်ဆေးထိုးနှံရမည့် ဒေသခံပြည်သူ ၅၀၀၀ အား အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြိတ်မြို့တွင် ကိုဗစ်ရောဂါပိုး‌‌ တွေ့ရှိ၍ အသွားအလာကန့်သတ်နေအိမ်နှင့် ရောဂါကာကွယ်ရေး ပရဟိတ ဆောင်ရွက် ပေးသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Sep 20,2021
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက်တွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ အသွားအလာကန့်သတ် နေအိမ်များ အား အခြေခံစားကုန်များနှင့် ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းကို ပရဟိတ လုပ်အားပေး ဆောင်ရွက်ကြသူများအား ယမန်နေ့ နေ့လယ်ပိုင်း က ဈေးတန်းရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။