Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 20,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ရပ်ကွက်ကျေးရွာများတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ Rapid Test Kit စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ လာရောက် စစ်ဆေးခဲ့သူ(၁၁၅)ဉီးရှိ
Sep 20,2021
တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှုခံယူခဲ့သူ(၁၁၅)ဉီးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော အသက် (၅၅)နှစ် နှင့် (၆၄) နှစ်ကြား ဒေသခံမိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော အသက်(၅၅)နှစ် နှင့်(၆၄) နှစ်ကြား ရဟန်းသံဃာများနှင့် ဒေသခံတိုင်းရင်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပေးခြင်း လှည့်လည် နှိုးဆော်
Sep 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညပိုင်း အမှတ်(၆) ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာအတွင်း၌ ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့တွင် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် တတိယနေ့ဆက်လက်ထိုးနှံပေး
Sep 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊ အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်း သူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယအသုတ် ပထမအကြိမ်အဖြစ် လူဦးရေ ၇၀၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်
Sep 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျောက်ခဲကြီး ကျေးရွာ၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
Sep 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာ ပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးများအား စာဖတ်ဝိုင်း ပြုလုပ်
Sep 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြု ဗဟိုဌာနတွင် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးများအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23986
Page
23987
Page
23988
Page
23989
Current page
23990
Page
23991
Page
23992
Page
23993
Page
23994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department