သတင်းများ

ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် အမျိုးသား(၁)ဦး ကိုဗစ် Positive တွေ့ရှိ
Sep 20,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် ဝင်ရောက်နေသူ (၄)ဦးအား Test Kit စစ်ဆေးရာ အမျိုးသား(၁)ဦး ကိုဗစ် Positive တွေ့ရှိကြောင်း သိရသည်။
မိတ္ထီလာပညာရေးကောလိပ်မှ တက္ကသိုလ်အထိ လမ်းလယ်ကျွန်းနှင့်လမ်းမီးတိုင်များ စိုက်ထူခြင်း လုပ်ငန်း များ ဆောင်ရွက်ပြီးစီး၍ လမ်းမီးတိုင်များမှ လျှပ်စစ်မီးစတင်ထွန်းလင်း
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာပညာရေးကောလိပ်မှ တက္ကသိုလ်အထိ လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်များ စိုက်ထူးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ယမန်နေ့မှစတင်ပြီး လမ်းမီးတိုင်များမှ လျှပ်စစ်မီး ထွန်းလင်းနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် mask များ အခမဲ့ဖြန်ဝေပေးခြင်းများဆောင်ရွက်
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် mask များ အခမဲ့ဖြန်ဝေပေးခြင်းများကို ယနေ့ နံနက် ၈ နာရီမှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားနေသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပဲပုတ်ကျေးရွာအတွင်း၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ယမန်နေ့ ညနေ(၅:၀၀)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီထံမှ သိရသည်။
ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်
Sep 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၅၅)နှစ်နှင့် အထက်ဦးစားပေး ထိုးသင့်သည့် မသန်စွမ်း၊ EAOs အဖွဲ့များ၊ သံဃာ့တော်များ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများနေ့စဉ်ဆောင်ရွက်
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာ​​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား ကျေးရွာအရောက် အသိပညာပေး နှိုးဆော်
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး တစ်ဦးတစ်‌ယောက်ချင်းစီ တိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ မြို့ပြင်လမ်းတစ်လျှောက် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။