သတင်းများ

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီး
Sep 20,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ ပြည်သူများသိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တီးကြီးကျေးရွာတွင် ယနေ့နံနက် (၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ခန္တီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ခန္တီးကြီး ကျေးရွာအတွင်း လှည့်လည်ကာ Hand Speaker ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 20,2021
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု အလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအသုတ်ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)အား ဒုတိယအသုတ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အလိုက်စုရပ်(၇) နေရာခွဲ၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတောင်မြို့တွင်အသက်(၁၈)နှစ်အထက်နှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Sep 20,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် အသက်(၁၈)နှစ် အထက်နှင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင်ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
မအူပင်မြို့တွင် မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက ဦးဆောင်ကျင်းပသည့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကံမမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊စေတနာ့ ဝန်ထမ်းများပူးပေါင်းပြီး ကံမမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်ပြည်သူများအား သတ်မှတ်အုပ်စု အလိုက် ဦးစားပေးအစီအစဉ်အတိုင်း သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။