ရွှေကျင် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ရပ်ကွက်ကျေးရွာများတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) အမှတ်(၈) တပ်မတော်ဆေးရုံ ကုတင် (၂၅) ဆန့်ဆေးရုံမှ ပါရဂူသူနာပြုအရာရှိများ၊ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရွှေကျင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ရပ်ကွက် ကျေးရွာ များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ နှင့် တာဝန်ရှိသူများမှ ဆေးထိုးနှံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)