သတင်းများ

နမ့်စန်တွင် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံခြင်းအား ယနေ့ နံနက် ၉  နာရီ က နမ့်စန် (အထက)၊ မြို့မ(အထက) နှင့် အမှတ်(၃) ရပ်ကွက် အလကခွဲ ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့တွင် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် အသက်အုပ်စုအလိုက် နှင့်ဦးစားပေးအုပ်စု များတွင် ပါဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမာမြို့ အထကကျောင်း၌ ကျန်းမားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်တွင်   သေဆုံးသူအမျိုးသမီး ၁ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၅ နှစ် အရွယ် အမျိုးသမီး ၁ ဦးသည် ယနေ့ နံနက် ၄ နာရီခွဲ ချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာများဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးသူ အမျိုးသမီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့၊ ချောင်းကြီးကျောင်းတိုက်ဆရာတော်၏ အရိုးပြာအိုးများအား ဥဒကရေချဈာပနအခမ်းအနား မြစ်ရေပြင်အတွင်း ကျင်းပမည်
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပသည် ကိုဗစ်-၁၉ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ကုတင် (၁၀၀)တပ်မတော် ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်၅နာရီ၁၅အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ သဖြင့် ဆရာ တော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာထုတ်ပြန်ချက်နှင့်အညီ တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်၍ တနင်္သာရီမြို့-လုံးခရမ်း သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဆရာတော်ဘုရား၏ကြွင်းကျန်ခဲ့သည့် ဦးခေါင်း တော်နှင့် ခြေအရိုးပြာ အိုးများကိုစနစ်တကျသိမ်းဆည်း၍ ယခုအခါ ချောင်းကြီးကျောင်းတိုက်ယာယီစံကျောင်းအတွင်း ပူဇော်ခံ ထားရှိကြောင်း သိရှိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၄၉) ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အသက် (၈၅)နှစ် နှင့်အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ငွေများကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး များအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
လဲချားတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
တနင်္သာရီမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် စက်တင်ဘာလ(၁၈) ရက်နေ့မှ(၁၉)ရက်နေ့အထိ အရှေ့မော်တုန်းကျေးရွာအုပ်စု (အထက)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဥဒကရေချဈာပနအခမ်းအနားကျင်းပရန် တနင်္သာရီမြို့နယ် ရိုးရာ “ငွေနန်းသာရီ” နဂါးလှေတော်အား ရေချမင်္ဂလာပြုလုပ်မည်
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပ၏ ကြွင်းကျန်ခဲ့သည့် ဦးခေါင်းတော်နှင့်ခြေအရိုးပြာ အိုးများကို တနင်္သာရီမြစ်ဆုံတွင် ဥဒကရေချ ဈာပနအခမ်းအနားကို ငွေနန်းသာရီ ရိုးရာနဂါးလှေတော်နှင့်အရံလှေများဖြင့် အန္တရာယ် ကင်းရှင်းစွာပြုလုပ်နိုင်ရန်အတွက် ငွေနန်းသာရီ ရိုးရာနဂါးလှေတော်ကို စက်တင်ဘာ လ(၂၁)ရက်နေ့ နံနက်(၉) နာရီအချိန် ၎င်းလှေရုံမှတစ်ဆင့် မြစ်ရေပြင်ထဲသို့ ရေချမင်္ဂလာပြုလုပ် ပြီး လေ့ကျင့်လှော်ခတ်မှု၊ စမ်းသပ်လှော်ခတ်မှုများနှင့် အစမ်းလေ့ကျင့်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။