မိုးမိတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော အသက်(၅၅)နှစ် နှင့်(၆၄) နှစ်ကြား ရဟန်းသံဃာများနှင့် ဒေသခံတိုင်းရင်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာ၌ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းဝင်များက ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာ ခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ ထိုးနှံပေးလျှက်ရှိကာ မိုးမိတ်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ (နှစ်ကြိမ်) ပြီးစီးသူဦးရေမှာ (၅၄၈၇) ဦး ရှိပြီး ယခုအကြိမ်တွင် (၃၅၈၃) ထိုးနှံပေးနိုင်ရန်လျာထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)