မြဝတီ စက်တင်ဘာလ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးများအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၈၊ အမှတ်-၁၈ တွင် ပါရှိသည့် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် ကွန်ချက်ပါ အကြောင်းအရားများကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံဆွေးနွေးခဲ့ပြီး ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဦးသူလစ်ဖောင်က စာရေးဆရာ ထွန်းထွန်း (ခရေရိပ်) ရေးသား သည့် လှပတဲ့အနာဂတ်ပါ အကြောင်းအရားများကို ဖတ်ကြားဆွေးနွေးရာ ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန် အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)