သတင်းများ

ကျောက်မဲမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွား
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့နံနက် ၂ နာရီ အချိန်မှ နံနက် ၇ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ တောင်ကျရေများကြောင့် မြို့လယ်တွင် ဖြတ်စီးနေသည့်  နမ့်စောင်းငေါင်းချောင်း ရေလျှံခဲ့ပြီး ချောင်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်းရှိ နေအိမ် ၁၉၅ အိမ်ခန့် ရေဝင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းမြို့တွင် အသက်(၅၅)နှစ်အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုများအားကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 20,2021
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုများအား စက်တင်ဘာ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
မြောင်းမြမြို့နယ်တွင် အသက် (၅၅) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးပထမအကြိမ်ထိုးနှံပေး
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၅၅) နှစ်အထက်ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နေ့လယ်(၂)နာရီ အချိန်က အ.ထ.က(၁)ကျောင်း၊ ပညာရတနာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ၂၀ ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Sep 20,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများသို့ သွား ရောက်၍ အသိ ပညာပေးနိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့တွင်ဆန်နှင့်အခြေခံစားသောက်ကုန်များလှူဒါန်း
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြို့ပေါ်(၆) ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါခံစားနေသူများ၊ စောင့်ကြည့်လူနာများ၊ Quarantine ဝင်ရောက်နေသူများ၊ ခက်ခဲသည့် အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဦးအောင်နိုင် (သူရိယနဂါးအားမာန်ကုမ္ပဏီ) မိသားစုမှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဆီဆိုင်ဂေါက်ကလပ်၌ လှူဒါန်းခဲ့ကြောင်းသိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေး  အသိပညာပေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေး    ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အသိပညာပေးခြင်းများအား နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်လူနာသစ်(၅)ဦးတွေ့ရှိရပြီး၊ဆေးရုံမှဆင်းသူ(၂၂)ဦး ရှိသဖြင့် ကုသဆဲကိုဗစ်လူနာပေါင်း (၈၇)ဦးရှိနေ
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်း သို့ ဖျားခြင်း၊နှာစေးချောင်း ဆိုးခြင်း၊အနံ့အရသာပျောက်ခြင်းနှင့်လည်ချောင်းနာခြင်းဖြင့် ပြင်ပမှလူနာ(၆)ဦးအား တာဝန်ခံဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT (Test-Kit)ဖြင့် ဓာတ်ခွဲစစ်ဆေး ပေးရာ (၅)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။