တာချီလိတ် စက်တင်ဘာ ၂၀
တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှုခံယူခဲ့သူ(၁၁၅)ဉီးရှိကြောင်း သိရသည်။
အဆိုပါ လာရောက်စစ်ဆေးခဲ့သည့်(၁၁၅)ဉီးအနက် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသား တစ်ဉီး တာချီလိတ်မြို့ပြည်သူ့ဆေးရုံ၌ သီးခြားထားရှိကာ အသွားအလာ ကန့်သတ် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်တွင် ပိုးတွေ့လူနာ(၂၆၆၀)ဉီးထိရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၄၉၈)ဉီးရှိကာ သေဆုံးသူ(၉၅)ဉီးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)