ခိုလမ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းကို မြို့ပေါ်ရပ်ကွက်(၁) /(၂)/(၃) ခု အတွင်းရှိအသက် ၁၈ -နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်( ၉)နာရီ မှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါအသက် ၁၈-နှစ် အထက်ပြည်သူတို့အားအမှတ်(၁)ရပ်ကွက်ရှိအ-ထ-က(ခိုလမ်) ကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝန်ထမ်းများ၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းနှင့်မြို့မိမြို့ဖများက ပူးပေါင်းပါဝင်ခဲ့သည်။
အသက်၁၈ -နှစ်အထက်ပြည်သူများစုစုပေါင်း (၄၈၂) ဦး တို့ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြပြီး ကျန်ရှိနေသူများကိုလည်း သတ်မှတ်ချက် အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ထံမှ သိရသည်။
နောင်ဟေးငင်း (ခိုလမ်)