ဝက်လက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး၊ ဒုတိယအကြိမ် အဖြစ် လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၀ ရက်နေ့ က တွင် ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် အဖြစ် စက်တင်ဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့ တွင် အသက် ၆၅ နှစ် နှင့် အထက် သက်ကြီး ဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊စျေးရောင်းချ သူများ ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးနှံနေ ကြောင်း သိရသည်။