သတင်းများ

အင်တောမြို့တွင် (၅၅)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ တိုက်နယ်ဆေးရုံ၌ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်၉နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း (၁၈) နှစ်ပြည့်ပြီး ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ များကို စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီက စတင်၍ မြို့တော်ခန်းမ၊ အထက(၁)၊ အထက(၄)နှင့်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာတို့တွင်စုရပ် ၄ ခု ခွဲပြီးစနစ် တကျ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 
ပွင့်ဖြူမြို့နယ်၌ ပင်စင်အငြိမ်းစားဝန်ထမ်းများကို COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေး
Sep 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို စက်တင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက်ပိုင်းကစတင်ပြီး COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစားဝန်ထမ်းများက သတ်မှတ်ထားသည့် ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းသာစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ.ထ.က-ဂျိုးတောင်ကျောင်းတွင် ပြည်သူ ၃၅၅ ဦးကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား ဆက်လက်ထိုးနှံပေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား စက်တင်ဘာ ၂၀ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒုံဟီးမြို့အတွင်းရှိ ကျေးရွာအုပ်စုနှင့်မြို့ပေါ် ရပ်ကွက်မျာအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးဒုတိယအကြိမ် ထိုးနှံပေး
Sep 21,2021
စစ်ကိုင်းတိုင်းသေဒကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဒုဟီးမြို့တွင် မြို့ပေါ် (၃)ရပ်ကွက် နှင့် ဂကြီးချမ်းမြူးအုပ်စု၊ လာမာကျေးရွာအုပ်စုနှင့် ဗိုလ်တဲနုတ်ညိုးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ညနေပိုင်း(၃)နာရီအချိန်က ဒုံဟီးမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ပေါက်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းကူး-ကျွန်းတိုင်းတံတား ချဉ်းကပ် လမ်းတာ‌ပေါင် ဘေးရှိ ကျောက်စီမြေကာနံရံပြိုကျပျက်စီး
Sep 21,2021
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းကူးကျေးရွာအုပ်စု ချောင်းကူး၊ ဂွေးဂုံအုပ်စုနှင့် ကျွန်းတိုင်းကျေးရွာအား ဆက်သွယ် ထားသော ချောင်းကူး-ကျွန်းတိုင်းတံတား ချဉ်းကပ်လမ်းတာပေါင်ဘေးရှိ ကျောင်းစီမြေကာနံရံသည် ကျောချောင်းရေ တိုက်စားမှုကြောင့် ယမန်နေ့ နေ့လယ်၁၂ နာရီအချိန်ခန့်က ပေ ၃၀ ခန့် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ ဦးထပ်မံတွေ့ရှိ၊ အတည်ပြုလူနာ ၁၂၄ ဦး အထိရှိလာ
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ် ၁၃ ဦးကို စက်တင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။