ပန်းတောင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.ကကျောင်း၌ ယနေ့နံနက် ၉နာရီ အချိန်က စတင်၍ ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၇)အုပ်စုမှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်ညီ၊ ဦးအေးကြိုင်တို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်း အ.ထ.ကကျောင်းတွင် ဆေးထိုးစုရပ် (၁)ခု ဖြင့် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုတို့အား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး