ဂွ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ စုရပ်(၃)ခုတွင် သံဃာတော်များ၊အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ကိုတတိယနေ့အဖြစ် ထိုးနှံပေး ခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကိုဗစ်ရောဂါကာကွယ်ဆေး Sinopharm ကိုယမန်နေ့ကအသက်(၆၅)နှစ်အထက်ပြည်သူ(၄၇)ဦး၊အသက် (၅၅)နှစ်နှင့် အထက်ပြည်သူ(၁၈၇)ဦး၊ သာသနာ့ဝန်ထမ်း(၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂၁)ဦး၊ ဝန်ထမ်းမိသားစု (၁၃)ဦး ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ(၇၇)ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းမှပြည်သူ (၇)ဦး၊ ပုဂ္ဂလိကပို့ ဆောင်ရေးလုပ်ငန်းမှပြည်သူ(၈)ဦး၊ ဈေးသူဈေးသားများ(၁၁၄)ဦး၊စုစုပေါင်း(၄၇၅)ဦးစသည်တို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင်၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊နာတာရှည်နှင့် မသန်စွမ်းသူများ၊ သာသနာ့ဝန် ထမ်းများ၊ NGO,INGOsများ၊ ပရဟိတလူမှုရေးအသင်းများ၊ ဆန်စက်ပိုင်ရှင်နှင့် အလုပ်သမား များကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကို ဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ(၂၁)ရက်နေ့အထိပြည်သူ(၈၉၀)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်