ပိုင်ကျုံမြို့၌ ဒုတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂) ရက်အတွင်း (၁၆၅၁) ဦးရှိ

ပိုင်ကျုံ   စက်တင်ဘာ  ၂၂


 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သာသနာပြုပုဂ္ဂိုလ်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်း သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို   ယမန်နေ့က   ပိုင်ကျုံမြို့   အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက် ကျန်းမာရေး ဦးစီဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြ သည့် မိဘပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး သူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး  ဒုတိယအသုတ် (ပထမ) အကြိမ် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၉ ရက်နေ့နှင့် စက်တင်ဘာလ ၂၁ ရက်နေ့တို့   တွင်ထိုးနှံပေးခဲ့ပြီး (၂) ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  လာရောက် ထိုးနှံသူ(၁၆၅၁)ဦးရှိကြောင်း၊ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်   ယနေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။


 

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။