မိုးမိတ် စက်တင်ဘာ ၂၂
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က လက်ခုတ်တန်းရပ်ကွက် မြို့မနှစ်ချင်းကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားအသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင် သင့်သည့် ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက် ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပျောက်ဆုံး သူများအား အသစ်ပြန်လုပ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံသားစီစစ်ရေးကတ်ပြား မရရှိသေးသောသူများအနေဖြင့်လည်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ လာရောက်ဆောင်ရွက်နိုင်ပါကြောင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေလ ၃ ရက်စတင်ကာ အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုးမိတ်သား