ပန်းတနော် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံး ချမ်းသာသာသနာ့ဗိမာန်တွင် ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက်(၅၅)နှစ်အထက် ပြည်သူများနှင့်သက်(၁၈)နှစ်အထက် မသန်စွမ်း သူများ၊ နာတာရှည်ဝေဒနာရှင်များအား စက်တင်ဘာ ၂၂ရက် မှ ၂၃ ရက်ထိ ၂ရက်တိုင်တိုင်ထိုးနှံပေးမည်ဖြစ်ပြီး ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)