ငပုတောမြို့နယ်အတွင်းရှိ ဟင်းအိုးချောင်းကျေးရွာအုပ်စုတွင် အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ငွေပေးအပ်

ငပုတော စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဟင်းအိုးချောင်း ကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေး ငယ်များအတွက် ထောက်ပံ့ငွေများအား ယမန်နေ့နံနက်ပိုင်းတွင် သာသနာ့မဉ္ဇူ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ ကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်က ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဟင်းအိုးချောင်း ကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၄ ဦးအား တစ်လလျှင် ငွေကျပ် ၁၀၀၀၀နှုန်းဖြင့် ၃ လစာအတွက် ငွေကျပ် ၄၂၀၀၀၀ အားလည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင် ၂၆ ဦးအား တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃ လစာ ၁၁၇၀၀၀၀ အားလည်းကောင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ် ၂၈ ဦးအတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃ လစာ ၁၂၆၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်