သာစည် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အလုပ်ဌာနများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၇ ရက် မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သာစည်မြို့နယ် စည်ပင်ခန်းမ၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာစည်မြို့နယ် စည်ပင်ခန်းမ ဆေးထိုးစုရပ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အလုပ်သမား ၂၆၂ ဦးအား(ဒုတိယ အကြိမ်)၊ ဆေးထိုးရန် ကျန်ရှိနေသူ ၅၅၆ ဦးအား( ပထမအကြိမ်)၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆေးထိုးရန်ကျန်ရှိနေသူ အလုပ်သမား ၄၃၀ ဦးတို့အား (ပထမအကြိမ်)၊ ဆေးထိုးစုရပ်နှစ်စု၌ စုစုပေါင်း ၁၂၄၈ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြ သည်။
မြို့နယ် (ပြန်/ဆက်)