လိပ်သို စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိပ်သိုဒေသအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ လိပ်သိုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများက ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် (၃၀) ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ကိုဗစ်ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီး ဌာနမှ၀န်ထမ်းများ နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)