မော်လမြိုင် စက်တင်ဘာ ၂၁
မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြည်သူများအတွက်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မောင်းလိုင်စင်များ ဉပဒေ အညီ ထုတ်ပေးရေး၊ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၆ရက်နေ့မှစတင်၍ အောက်တိုဘာ၂၆ရက်နေ့အထိ One Stop Service စီမံချက်ဖြင့်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ One Stop Service ဖြင့် မှတ်ပုံတင်ခြင်းကို ဇူလိုင်၇ရက်နေ့မှ ၁၂ရက် နေ့အထိ ၄၂၈စီးအား ပထမအကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ယခုပြန်လည်ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် အတွင်းရှိ မြို့နယ်များကမော်လမြိုင်တွင် လည်းကောင်း၊ သထုံခရိုင်အတွင်းရှိမြို့နယ် များအနေဖြင့် သထုံမြို့ တွင်လည်းကောင်း ဆောင်ရွက်ပေးကာ စက်တင်ဘာ ၁၆ မှ ၁၇ ရက်နေ့ထိ ၃၂၃စီး ဆောင်ရွက် ပြီးဖြစ်၍ စုစုပေါင်းမော်လမြိုင်တွင် ၆၆၇ စီးနှင့် သထုံမြို့တွင် ၁၀ စီးဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။
ယင်းသို့လုပ်ဆောင်ပေးရာတွင်လည်း ပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် မှတ်ပုံတင် ဆောင်ရွက်သည့်အခါ ယူဆောင်ရမည့် အထောက်အထားများကိုစနစ်တကျ သတ်မှတ်ကြေညာပေး ခြင်း၊ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီပြုလုပ်ပေးခြင်း ၊မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် တစ်နေ့လျှင်ရုံးတွင်းဝင်ဆံ့အင်အားပေါ်မူတည်၍ယာဉ်စီးရေ၁၇၀စီးဆောင်ရွက်ပေးသည်။မှတ်ပုံတင် ခြင်းလုပ်ငန်းတွင် ပထမ အဆင့်ယာဉ်ခဲခြစ်ခြင်း၊ မှတ်တမ်းစစ်ခြင်း၊ ယာဉ်နံပါတ်ပေးခြင်း၊ ယာဉ် စစ်ဆေးခြင်း များအဆင့်ဆင့်ကိုနေ့ချင်းပြီး ဆောင်ရွက်ပေးကာ ဌာနအလိုက် သတ်မှတ်ထား သော အကောက် ခွန်နှုန်းထားများ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)