ဒဂုံတောင် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျန်စစ်သား ဓာတ်အားခွဲရုံအတွင်း ထူထပ်စွာ ပေါက်ရောက်နေသော ချုံနွယ်များအား လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရာတွင်လည်း အန္တရာယ်ကင်းစေရေးအတွက် လျှပ်စစ်မီး ခေတ္တ ပိတ်ထားမည်ကိုလည်း ဦးစွာ အများပြည်သူအား အသိပေးထားရှိပြီးဖြစ်၍ လုပ်ငန်းဆောင်ရွက်ရာတွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားခွဲရုံအတွင်း လိုအပ်လျက်ရှိသော အသေးစားပြုပြင်ခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။
သက်မင်းဟန်