ဟင်္သာတမြို့နယ်တွင် ငဝန်မြစ်ရေတိုက်စားမူကြောင့် ကမ်းပါးပြိုကျမူဖြစ်ပေါ်သဖြင့် လူနေအိမ်များ ပြောင်းရွေ့

ဟင်္သာတ  စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စု အုတ်ရှစ်ကုန်းကျေးရွာတွင် ယမန်နေ့က ငဝန်မြစ်ရေ တိုက်စားမူကြောင့် ကမ်းပါးပြိုကျမူ ဖြစ်ပေါ်သဖြင့် လူနေအိမ်များ ပျက်စီးဆုံးရုံးမူ မဖြစ်စေရေးအတွက် ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရသည်။

 အဆိုပါ မြစ်ကမ်းပြိုမူကြောင့် ယမန်နေ့ နေ့လည်ပိုင်းတွင်  နေအိမ် (၁၃)လုံး ၊ အိမ်ထောင်စု(၁၃)စု ၊ လူဦးရေ ကျား(၂၈)ဦး ၊ မ (၂၇)ဦး စုစုပေါင်း (၅၅)ဦး တို့အား မြစ်ကမ်းပါးနှင့်ဝေးရာ နေရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ဝိုင်းဝန်းကူညီကာ ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ပေးခဲ့ကြပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမူ မရှိကြောင်း နှင့် အိမ်ထောင်စုများအား ပံ့ပိုးကူညီထောက်ပံ့နိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ် သဘာဝဘေး ကော်မတီထံမှသိရသည်။

ကိုဇော် - ခရိုင်ပြန်/ဆက်