ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၆ အုပ်စုမှ တောင်သူ ၁‌၄၆၆ ဦးအား မိုးရာသီစိုက်ပျိုး စရိတ်ချေးများ ငွေထုတ်ချေးပြီးဖြစ်

ငပုတော စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ချေးငွေပြေကျေပြီး သည့် တောင်သူများထံသို့ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး လျက်ရှိရာ စက်တင်ဘာလ ၂၀ရက်နေ့က တောင်သူ ၆၈ ဦး၏ လယ်ဧက ၅၃၁ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေပေါင်း ၇၉၆၅၀၀၀ဝိ ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မေလမှစ၍ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ယနေ့အထိ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၆ အုပ်စုမှ တောင်သူ ၁၄၆၆ ဦးတို့ လုပ်ကိုင်လျက်ရှိသော မိုးစပါးစိုက်ဧက ၁၂၅၉၁ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၁၅၀၀၀ဝိ နှုန်းဖြင့်ထုတ်ချေးခဲ့ရာ စုစုပေါင်းငွေကျပ်သိန်း ၁၈၈၈၆၅၀၀၀ဝိ အား ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် ဆက်လက်ထုတ်ချေးရန် ကျန်ရှိသည့် တောင်သူများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။