သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Sep 22,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုရပ်(၇)နေရာဖြစ်သော သံဖြူဇရပ်မြို့သစ် အ.ထ.က(၁)၊ ကျိုက္ခမီ(ကဇာတ်ရုံ)၊ ကျုံကဒါတ်အ.ထ.က၊ အနင်းတိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ်ဆေးရုံနှင့် အနင်းတိုက်နယ်ဆေးရုံတို့တွင် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများ၊ မသန်းစွမ်းသူများအား ဆက်လက်ထိုးနှံပေးရာ လူဦးရေစုစုပေါင်း (၁၄၅၉၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။