ကမမောင်း၊ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာ ကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြန်မာ ဘာသာအပြင် စကောကရင်ဘာသာ ဖြင့်ပါအသိပညာပေး နှိုးဆော်မှုများအား လက်ကိုင် စပီကာအသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက် ရှိရာ ယနေ့ညနေ ၄နာရီအချိန်ကမြို့နှင့် နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေတွင် အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်များ၏ နေအိမ် ပြင်ပထွက်ခွာသည့်လက်မှတ်ဖြင့် တစ်အိမ် ထောင်လျှင် မိသားစုဝင်တစ်ဦးသာ သွားလာကြရန်၊ မိမိတို့ အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များကိုလက်မခံကြရန် နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြ ပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကား ပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခု ကို ကိုင်တွယ် ပြီးတိုင်း ထိတွေ့ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကို မကြာခဏဆေး ကြောကြပါရန်၊အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီး တိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်ရ သေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီအသက် အန္တရာယ် ထိခိုက်နိုင်ပါ ကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံ ရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသ မှုမျိုးမပြုလုပ်ရန်၊နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တား ဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို မိဘ ပြည်သူများ အနေဖြင့် ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ ကြသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပတ်ဝန်းကျင် ကျေးရွာများသို့ သွားရောက်၍ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့် ( ပြန် / ဆက်)