မိုးမိတ်မြို့နယ်တွင် မြရည်နန္ဒာကန်အတွင်းရှိ အမှိုက်များ ၊ဗေဒါပင်များအား ရှင်းလင်းဆောင်ရွက်

မိုးမိတ်    စက်တင်ဘာ ၂၃  ရက်

ရှမ်းပြည်နယ်  (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင်ခရိုင်နှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့နယ်စည်ပင်ဦးစီးဌာနတို့ပူးပေါင်း၍ မြရည်နန္ဒာပန်းခြံအတွင်းရှိ မြရည်နန္ဒာကန် သန့်ရှင်းသာယာလှပစေရေးအတွက် ကန်အတွင်းရှိ ဗေဒါများ၊ ကနယ်များ ရေကန်စွန်ပင်များ အမှိုက်သရိုက်များဆည်ယူ၍ ကန်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်တင်ဘာလ ၂၃ ရက် နံနက် နာရီမှ စတင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမိတ်သား (ခရိုင်ပြန်/ဆက်)